Main menu

ဟင်္သာတခရိုင်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မတ်လ(၁၅) ရက်နေ့ နံနက်(၇:၀၀) အချိန်တွင်  ဟင်္သာတမြို့နယ်ရှိ   နတ်မော်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ် ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့်  ဟင်္သာတမြို့ ပဒေသာဈေး အလယ်ဝင်ပေါက်တွင် အထိမ်းအမှတ်ဆောင်ပုဒ် ဗီနိုင်းပိုစတာချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          ထို့ပြင် ဟင်္သာတမြို့အလယ် အာဇာနည်ပန်းခြံရှိ LED Bill Board တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဆောင်ပုဒ်များ၊ အသိပညာပေးဗီဒီယိုများ၊ ဌာနလှုပ်ရှားမှုမှတ်တမ်းများကို (၁၄.၃.၂၀၂၄) ရက်နေ့မှ (၁၆.၃.၂၀၂၄)ရက်နေ့ထိ ပြသသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)