စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီ အစဉ်ဖြင့် (၁၅.၃.၂၀၂၄) ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ် နေရာများတွင်လည်းကောင်း၊ (၁၆.၃.၂၀၂၄)ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စု ပေါင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင် များအသင်းမှ စားသုံးသူပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် စားသုံးသူပြည် သူများအနေဖြင့် လွယ်ကူလျှင်မြန်စွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် ရည်ရွယ်၍ စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး လူဦးရေ (၅၅၀၅)ဦးနှင့် ဝန်ထမ်း(၉၉၅)ဦးအတွက် စားအုန်းဆီ ၆၅၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
DOCA(စစ်ကိုင်း)