Main menu

စားသုံးဆီများ ထောက်ခံချက် ပါဝင်မှု ရှိ/မရှိနှင့် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်း များ သည် ပန်းတနော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်း ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၈.၃.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၀:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်(၆)ဆိုင်မှ ရောင်းချနေသော ဆီများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါဝင်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊  အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်ပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် စားသုံးဆီများအား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရန်စိစစ်ခဲ့ပြီး ပန်းတနော်ဈေးကွက်အတွင်းတွင် (Goody, Lotus, အမေထွား) အမှတ်တံဆိပ် များစစ်ဆေးတွေ့ရှိရပြီး၊ သက်ဆိုင်ရာထောက်ခံချက်၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြပါဝင်သော ကုန်စည်ကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)