Main menu

စားသုံးဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် (၁၈-၃-၂၀၂၄)ရက်နေ့ ညောင်တုန်းမြို့မဈေးနှင့် ဓနုဖြူမြို့အတွင်း ရောင်းချနေသော စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်တွင် FDAဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှု ရှိ/မရှိ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါစစ်ဆေးမှုတွင် ညောင်တုန်းမြို့မဈေးနှင့် ဓနုဖြူမြို့အတွင်း စားသုံးဆီရောင်းချနေသော လုပ်ငန်းရှင်များအား ၎င်းတို့ ရောင်းချနေသော စားသုံးဆီဗူးများ၊ စားသုံးဆီများတွင်၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင်ဖော်ပြရမည့်သတ်မှတ် ကုန်အညွှန်းအမှတ်အသားများ၊ ၂/၂၀၁၉ ပါ ကုန်စည်များတွင် မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိ၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိနှင့် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိမရှိကို စစ်ဆေးခဲ့ကြပြီး၊ ညောင်တုန်းမြို့မဈေးနှင့် ဓနုဖြူမြို့တွင် (Lotus, Goody, သူဌေးမင်း) အမှတ်တံဆိပ်ဆီများကိုသာ ရောင်းချနေပြီး ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  

DOCA(ဧရာဝတီ)