Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

    ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ (၄၁) နှင့် (၄၃) အရ ညီညွတ်ရန် လိုအပ်ကြောင်း၊ ပုဒ်မ(၄၁) အရ ထားသိုသိမ်းဆည်းမှု၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့်ရက်စွဲ၊ အလေးချိန် ဂရမ် စသည့် ညွှန်ကြားချက်များကို တိတိကျကျ ဖော်ပြရန် လိုကြောင်းနှင့် ပုဒ်မ(၄၃) အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားရှိမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်ကြောင်း ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)