Main menu

“စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား အလေးထားလိုက်နာခြင်းအားဖြင့် ပြည်တွင်းဆီစက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"ကျင်းပပြုလုပ်

Powered by Drupal

        “စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား အလေးထားလိုက်နာခြင်း အားဖြင့်ပြည်တွင်းဆီစက်ကဏ္ဍဖွင့်ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲအား (၂၄-၃-၂၀၂၄) ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးဌာနခွဲ)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက  စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပါပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။အဆိုပါဆွေးနွေးပွဲသို့ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲ)တာဝန်ခံ ဒေါက်တာနီနီအေး၊ မန္တလေး တိုင်းဒေသကြီး ဆီစက်ပိုင်ရှင်အသင်း ဥက္ကဋ္ဌနှင့် ဆီစက်ပိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက မန္တလေး တိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင်အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များအား ဆီစက်လုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် စားသုံးသူကာကွယ်ရေးဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာဆောင်ရွက် ရန်” ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရန်” ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)  နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ် ချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆီစက်ပိုင်ရှင်မျာအနေဖြင့် “စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရာတွင်ကြုံတွေ့ ရသည့်အခက်အခဲများ” ခေါင်းစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အသင်းတာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးခြင်း၊ တက်ရောက်လာသော ဆီစက်ပိုင်ရှင်များက သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ နေ့လယ် (၁၅:၂၅) အချိန်တွင် အလုပ်ရုံဆွေးနွေးပွဲအား ပြီးမြောက်အောင်မြင်ခဲ့ပါသည်။

DOCA(မန္တလေး)