Main menu

ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှစက်မှုကုန်ကြမ်းသုံး စားအုန်းဆီများ ထုတ်ပေးနေမှု သွားရောက်စစ်ဆေး

Powered by Drupal

        ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီ များဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန် ထုတ်လုပ် ရောင်းချသူများ ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန် လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီ များကို ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန် မှ (၁၈.၃.၂၀၂၄ မှ ၂၃.၃.၂၀၂၄) ထိ  ဆီတစ်ပိဿာလျှင် (၆၄၁၇) ကျပ် ဈေးနှုန်းဖြင့် ဆီပေ ပါအလုံးရေ စုစုပေါင်း ၁၃၂၃၄ လုံး ဖြစ်ပြီး ယခင်အပတ်ထက် ဆီပေပါ ထုတ်ယူမှုပိုများလာကြောင်း ဆီကန်တာဝန်ကျဝန်ထမ်း ဦးရန်နိုင်ထွန်းထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)