Main menu

တောင်ဒဂုံမြို့နယ် Shake မုန်မျိုးစုံလုပ်ငန်း စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်း ကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  ၂၆..၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၁)၊ အမှတ်(၆၅)၊ လွိုင်ကော်လမ်းရှိ Shake မုန့်လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် လုပ်ငန်းအမျိုးအစား၊ ကြိတ်ခွဲထုတ်လုပ်သည့်ပမာဏ၊ စက်ကြိတ် အား၊ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထားခြင်းရှိ / မရှိနှင့်၊ ကြုံတွေ့နေရသည့် အခက်အခဲ တို့ကို မေးမြန်းခဲ့ရာ အခက်အခဲမရှိပါကြောင်း၊ ပြည်တွင်းမှာသာဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ လုပ်သားဦးရေ(၅၀)ဦးဖြင့် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)