Main menu

သာကေတမြို့နယ်(ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဌေး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲအရာခံခင်သန်းငြိမ်းနှင့်   အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးမြင့်ဇော် တို့ပါဝင်သော အဖွဲ့များသည် ၂၉.၃.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ (ယုဇန)ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV ပြည်ရတနာဝင်းရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ပို့ဆောင်မည့် ကုန်စည်များ စစ်ဆေးခြင်းဖြစ်ရာ စားသောက်ကုန်၊ လူသုံးကုန်များတင်ဆောင်နေကြောင်းတွေ့ရှိရပြီး တရားဝင်ကုန်စည်များသာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)