Main menu

တောင်ဒဂုံမြို့နယ် Precision Engineering Group လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  ၂၉..၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၃)၊ အမှတ်(င/၇၈)၊ လောပိတလမ်းရှိ Precision Engineering Group လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် စက်မှုလက်မှု လုပ်ငန်းအမျိုးအစားဖြစ်ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထားခြင်းရှိ ကြောင်း၊ ကြုံတွေ့နေရသည့် အခက်အခဲတို့ကို မေမြန်းခဲ့ရာ အခက်အခဲမရှိပါကြောင်း၊ လုပ်သားဦးရေ(၅)ဦးဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပါပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)