Main menu

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၉:၀၀)တွင် ထားဝယ်မြို့ ပေါ်ရှိ ကမ်းနားဈေးသို့ သွားရောက်ပြီး စားအုန်းဆီနှင့် ယိုးဒယားအသားလုံးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသောကုန်ပစ္စည်းများကို ရောင်းချမှုရှိစေရေးနှင့် ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများကို ရောင်းချနိုင်စေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း စားသုံးသူများစားသုံးရန် အာမခံချက်မရှိသော/ လုံခြုံစိတ်ချရမှုမရှိသော အစားအသောက်ကုန်များကို မရောင်းချနိုင်စေရေး အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး