Main menu

စက်သုံးဆီဆိုင်၏ အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီ၊း စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံး၏မအူပင်မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦးသည် (၁၀.၂.၂၀၂၂)နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး မအူပင်မြို့ရှောင်လမ်းရှိ DENKO စက်သုံးဆီဆိုင်တွင် HSDနှင့်PHSDတို့အား အထူးဈေးနှုန်းဖြင့် ရောင်းချမှုအခြေအနေနှင့် စက်သုံးဆီများအား (၂၀)Liter စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး