Main menu

ကြံခင်းမြို့နယ်တွင် ငါးမုန့်ကြော်၊ အာလူးကြော်လုပ်ငန်းရှင်များအား စားသုံးကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇.၂.၂၀၂၂) နေ့ ၊ နံက် (၁၀:၀၀) တွင် ကြံခင်းမြို့ပေါ်ရှိ ငါးမုန့် ကြော်၊ အာလူးကြော်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြာခဲ့ပါ သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စီစစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ လုပ်ငန်းရှင်များမှလည်း ကုန်အညွှန်းအမှတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကာ၊ တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်မျာကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး