Main menu

မြန်အောင်မြို့နယ် အလှကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၅.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အမှတ်(၃) ရပ်ကွက်၊ ဘုရားလမ်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အလှကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်းသိကောင်းစရာများနှင့် စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့် ဖော်ပြရမည့်အကြောင်း စသည့်တို့ကိုဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီးစားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်နှင့်  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များပေး းဝေခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး