ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သော အဖွဲ့များသည် ၃.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, လစန္ဒာ ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ မြေဆွေး၊ စားသောက်ကုန်များကို စစ်ဆေးတွေ့ ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့် အဆိုပါ ကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)