Main menu

ကသာမြို့ပေါ်ရှိ အချိုရည်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)သည် ၂၀၂၄-ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အချိုရည်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးကြည်နိုင်ဦးမှ ဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်အတွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရာတွင် အဓိကအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ၊ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၀)ပါ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်စည်အလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြန့်ဖြူးရောင်းချသည့် အချိုရည်ဘူးများတွင် ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ရက်လွန်ကုန်စည်များ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)