Main menu

ရှမ်းပြည်နယ်‌၊ တောင်ကြီးမြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲများကိုအခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ တက္ကသိုလ်/ ကောလိပ်၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄)ရက် နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

      ဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ဝေဝေနှင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ၌ ပါဝင်သော စားသုံးသူများရရှိနိုင်သည့် အခွင့်အရေးများ နှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊  စားသုံးသူ ထိခိုက်နစ်နာမှုများရှိပါက သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင် ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသူ သင်တန်းသား/ သူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ က ပြန်လည် ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။

       ထို့ပြင် ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များကို သင်တန်းကျောင်းအုပ်ကြီးအား ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ သင်တန်း သား/သင်တန်းသူ စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို (၁၄:၀၅)မိနစ်တွင် ရုပ်သိမ်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)