Main menu

စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူးဦးဆောင်၍ စစ်ဆေးရေးအရာရှိ ဦးစန်းအောင်နှင့်အဖွဲ့၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့သည် မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များသို့ (၁.၂.၂၀၂၂)ရက်နေ့ (၁၀း၀၀)အချိန်တွင် ကုန်ပစ္စည်းများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ရေချိုကျေးရွာအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ရာတွင် စတိုးဆိုင်နှင့် ကုန်စုံဆိုင် များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိနှင့် အချို့သော အသင့်စားမုန့်များသည် ကုန်ညွှန်းအမှတ်သားများ ထည့်သွင်းဖော်ပြထားသော်လည်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များအရ လိုအပ်မှုရှိနေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေး၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂) ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီကုန်ပစ္စည်းများ ရောင်းချနိုင်ရေးတို့ကို အလေးထားထည့်သွင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)