Main menu

“စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂.၂.၂၀၂၂) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မလှိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ စားသုံးသူများ ကုန်စည်များအားဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိနိုင်စေရန် ကုန်အညွှန်းမှတ်သားပြည့်စုံသော ကုန်စည်များကိုသာ ‌ရောင်းချစေရန်အတွက် ဈေးကွက်းစောင့်ကြည့်စစ်မှုများပြုလုပ်ခဲ့ရာ စာသုံးဆီများ ရောင်းချခြင်းနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)