Main menu

“သာစည်မြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်”

Powered by Drupal

          စားသုံးသူ‌ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် သာစည်မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Center) ၌ (၂.၂.၂၀၂၂) ရက်နေ့တွင် (၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Showအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

          ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းမှ Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး၊ စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး”နှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ရည်ရွယ်ချက် (၅)ရပ်၊ ကုန်စည်(သို့)ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အ‌‌ရေး (၈)ချက်နှင့်လိုက် နာဆောင်ရွက်မည့်တာဝန် (၄) ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် (၁၁)ချက်၊ စားသုံးသူဘေး အန္တရာယ်ကင်းရှင်းရန်အတွက် အခြားဌာနများနှင့် ပူးပေါင်း၍ စျေးအတွင်းအစားအသောက်၊ ဆေးဝါး၊ အလှကုန် လူသုံးကုန်စသည်တို့ကို ကုန်အညွှန်းအမှတ်သား ပြည့်စုံမှုရှိ/မရှိ စစ်ဆးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ကုန်ပစ္စည်းများကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများအား သေချာကြည့်ရှု့ဝယ်ယူကြရန် အသိပေးရှင်းလင်း ပြောကြားခဲ့ပါသည်။

          စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတရာရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးခန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌ပေါက်ချောင်းရပ်၊ မိတ္ထီလာမြို့ 064 2223102 ၊ 064.2223093 သို့ လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ DOCA Myanmar Applicationeနှင့် www .doca .gov .mm တွင်လည်းကောင်း တိုင်ကြားမှုပြုလုပ်နိုင်ကြောင်း အသိပေးပြောကြား ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)