Main menu

ဘီးလင်းမြို့တွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော ဆိုင်များတွင် ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ ကွင်းဆင်းစုံစမ်းစစ်ဆေး

Powered by Drupal

    ၅.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော ဆိုင်များသို့ သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်း တည်ငြိမ်မှုရှိ/မရှိအခြေအနေအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချ လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခဲ့ရာ ယခုအချိန်တွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပြီး ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် လည်းကောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းကြောင့်လည်းကောင်း၊ ကုန်ပစ္စည်း အချို့ပြတ်လပ်ခြင်းကြောင့်လည်းကောင်း ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)