![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မွန်စက်သုံးဆီ.jpg?itok=mGOxUKtL)
စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဧပြီလ(၁၀)ရက်၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကညှော် ကျေးရွာရှိ “စိန်” စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ တရားမဝင် စက်ဆီများ ရောင်းချမှုမရှိစေရေး၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအပေါ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ အချိန်အတွယ်မှန်ကန်စွာဖြင့်ရောင်းချပေးရန် ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်း မပြုလုပ်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)