Main menu

‌ချောင်းဆုံမြို့နယ်တာဝန်ခံမှရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ဧပြီလ(၉)ရက်နေ့နံနက်(၉:၀၀)နာရီအချိန်တွင်ချောင်းဆုံမြို့နယ်ရှိ B-Water အမှတ်တံဆိပ် သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံက တစ်လထုတ်လုပ်မှုအရေအတွက်၊ တစ်လထုတ်လုပ်မှုပမာဏ၊ တစ်လ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၅)၊ပုဒ်မ (၂၈)အရ ကုန်စည်ဝန်ဆောင်မှုများ လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တာဝန်ယူမှု/ တာဝန်ခံမှု ရှိစေရန်၊ B-Water သောက်ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် သောက်ရေသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များကိုပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ အကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)