ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၏ ၁/ ၂၀၂၄-၂၀၂၅ (BOD) အစည်းအဝေးကို ရန်ကုန်မြို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးတွင် ၁၁.၄.၂၀၂၄ရက် နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် Online Video စနစ်ဖြင့် ကျင်းပခဲ့ရာ (ဥက္ကဌ) အုပ်ချုပ်မှုဒါရိုက်တာ ၊ ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် (ဥက္ကဌ) အုပ်ချုပ်မှုဒါရိုက်တာမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘတ်ဂျက်ကိစ္စ၊ တရားရုံးကိစ္စ၊ အသုံးစရိတ်များကိစ္စ၊ ဒါရိုက်တာအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စ၊ ဝန်ထမ်းများရာထူးတိုးမြှင့်ရေးကိစ္စနှင့် စီမံအုပ်ချုပ်မှုကိစ္စများ ပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)