Main menu

ကျိုက်မရောမြို့၌​ ဒေသထွက်ကြက်မောက် သီးများလှိုင်လှိုင်သီး၍ စျေးကောင်းရရန် မျော်လင့်နေ

Powered by Drupal

            မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်ရှိ ဒေသထွက်ကြက်မောက်သီးများ ယခုနှစ်အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရှိရသည်။

          ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး အဓိကဒေသထွက်ကုန်ဖြစ်သည့် ဒူးရင်းခြံ၊ ကြက်မောက်ခြံ စသည့် ဝယ်လိုအားကောင်းပြီး ငွေများများရနိုင်သည့် အသီးပင်များကို စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရချိန်တွင် ခူး၍ ရောင်းချ ကြကြောင်း ယခုနှစ်တွင်  ကြက်မောက်သီးခြံများ၌ အသီးများအထွက်စော၍  လှိုင်လှိုင်သီး နေပြီးဖြစ်ရာ သင်္ကြန်ခါတော်မီ စျေးကွက်အတွင်းစျေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း ယိုးဒယား ကြက်မောက်ခြံအများဆုံးပိုင်ဆိုင်သည့် ဒေါ်စမ်းမော်ထံမှသိရသည်။

          ယခင်နှစ်ကတော့ ယိုးဒယားကိုင်းဆက်သီးတွေ ယခုချိန်စပေါ်နေပြီး အလုံးတစ်ရာပါ အစီးတစ်စည်းကို  တစ်သောင်းခန့်အထိ စျေးရပြီး  ယခုနှစ်ကတော့ မိုးနည်းသဖြင့် သီးအားလည်းကောင်းပါသည်။ယိုးဒယားမျိုးတစ်ပင်ကို(၈၀၀၀)ကျပ်ဖြင့်ဇွန်လဆန်းပိုင်းတွင်စတင်စိုက်ပျိုးကြပြီး  ကြက်မောက်သီးပင်က နှစ်ရှည်ပင်လည်းဖြစ်၍ သက်တမ်း(၆) နှစ်ကြာထိစောင့်ရပြီး သီးပီးဆိုလျှင်လည်း စျေးကောင်းရ၍ ဝင်ငွေကောင်းသည့် သီးနှံ ဖြစ်ကြောင်း သိရသည်။ နတ်စမ်းဒေသထွက်ယိုးဒယား ကြက်မောက်သီးက အနီရောင်ဖြစ်ပြီး ဗမာသီးကတော့အဝါရောင် ဖြစ်ကာ ယိုးဒယားသီးလောက်အချိုမစူး၍ လူကြိုက် နည်းပါသည်။ ယိုးဒယားကိုင်းဆက် သီးဆိုလျင် တစ်လုံးကိုအနည်းဆုံး တစ်ရာကျပ်ရကာ အလုံးတစ်စီးကို တစ်သောင်းကျပ် ရကြောင်း   ကြက်မောက် သီးစီးပွားဖြစ် စိုက်ပျိူးသူ ဒေါ်စမ်းမော်ထံ မှသိရသည်။

 

DOCA(မွန်)