ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း(အ.ထ.က-၁) လှိုင်ပညာ ခန်းမ ၌ (၁.၄.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး၊ အကျိုးစီးပွားနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏အခွင့်အရေးနှင့် ပတ်သက်သောအကြောင်းအရာများ၊ စားသုံးရန်မသင့်သော အန္တရာယ်ရှိ စားသောက်ကုန်၊ အလှကုန်များအကြောင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုမှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်/ ဝန်ဆောင်မှု အကြောင်းကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
DOCA(ဧရာဝတီ)