Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁.၄.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၃:၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ပန်းတနော်ဒေသမှ ထွက်ရှိသော စပါးထွက်ရှိမှု ဆန်ကြိတ်ခွဲထွက်ရှိမှု၊ တင်ပိုမှု အခြေအနေများကို မေးမြန်းပြီး စပါးသိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေး၊ ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)