Main menu

ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မအူပင်မြို့ အ.ထ.က-၁ ကျောင်းတွင် ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

      အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ ဥပဒေအကြောင်းကိုရှင်းလင်းပြီး၊ ကုန်စည်/ ဝန်ဆောင်မှုများအကြောင်းကို သိရှိနားလည်ရန် ကုန်အညွှန်း အမှတ်အသားဖော်ပြပါဝင်သော ကုန်စည်၊ ဝန်ဆောင်မှုကို ဦးစားပေးဝယ်ယူအသုံးပြုကြရန်၊ စားသုံးသူသည် ကုန်စည်၊ ဝန်ဆောင်မှုကို တန်ဖိုးနှင့်အညီ ဝယ်ယူအသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့်အတွက် မိမိတို့၏ စားသုံးသူအခွင့်အရေးကို အပြည့် အဝနားလည်ထားရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို သိရှိသလို လိုက်နာရမည့် တာဝန်များကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ သတင်းပြန် ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/ဆရာမ (၃၆၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)