Main menu

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၈.၄.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက (၃)မိုင်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းခန်းမ၌ သင်တန်းတက် ရောက်နေသော သင်တန်းသား/သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း အသေးစိတ်ဟောပြော ဆွေးနွေးခဲ့ပါသည်၊ ထို့နောက် အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ သင်တန်းသား/သူများသိရှိလိုသည့် မေးမြန်း ဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲသို့ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ သင်တန်းသား/သူ (၃၀)ဦး ၊ စက်မှုလက်မှုပညာသင်ကျောင်းမှ သင်တန်းသား(၂၀)ဦး၊ သင်တန်းဆရာ/ဆရာမ(၇)ပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)