Main menu

မုဒုံမြို့နယ်၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show"ကျင်းပပြုလုပ်

Powered by Drupal

        မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် (၁၁.၄.၂ဝ၂၄)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါ Talk Show တွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းမှ Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်အရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပုံအဆင့်ဆင့်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ-၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄ ဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေ ပုဒ်မ-၃၇၊ ၃၈၊ ၃၉ တို့အရ နစ်နာဆုံးရှုံးမှုအတွက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ယူဆောင်ရွက်ပေးရမည့် အချက်များအား အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)