ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီ(၁)ရက်နေ့၊နံနက်(၁၁:၀၀) နာရီအချိန်တွင်ကျိုက်လတ် မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံမှ စာသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများထဲမှစားသုံးသူအခွင့်အရေးများ၊ကုန်စည်၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံ ပေးထား မှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများအကြောင်း ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ နစ်နာ မှုရှိပါက အရေးဆိုတိုင် ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ဟောပြောခဲ့ သည့်ဟုသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)