Main menu

စားသုံးသူရေးရာအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ ဒု-ဦးစီးမှူးသည် (၄.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက် ခဲ့ပါသည်။

      အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃) ပါ တားမြစ်ချက်များမှ ပုဒ်မ-၆၂ တွင် စားသုံးသူ(သို့) စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မရိုးမဖြောင့်သောသဘောဖြင့် စားသုံးသူကို သွေးဆောင်ဖြားယောင်း၍ တိုင်ကြားစေခြင်း၊ မမှန်မကန် သက်သေထွက်ဆိုခြင်း၊ မမှန်မကန်သတင်းများ ဖြန့်ဖြူးခြင်း၊ တည်ဆဲဥပဒေပါပြဌာန်းချက်များနှင့် ငြိစွန်းသောကိစ္စများကို ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် မည်သူမဆို ပုဒ်မ-၆၂ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်းရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော  ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် ကြောင်း  အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)