Main menu

ဟင်္သာတကုန်စည်ဒိုင်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် (၉.၄.၂၀၂၄) နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ၊ ဟင်္သာတမြို့၊ လယ်တော်ရပ်ကွက်၊ ကားကြီးဝန်း အတွင်းရှိ ဟင်္သာတ ကုန်စည်ဒိုင်တွင် ကုန်စည်ရောင်းဝယ်မှုအခြေအနေများအား ကုန်စည်ဒိုင် အသင်းသားများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

    ဦးစွာ တိုင်းဒေသကြီးဦးစီးမှူးမှ မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏ ဆောင်ရွက်မှုအခြေအနေများ၊ ဟင်္သာတကုန်စည်ဒိုင်တွင် အဓိကအရောင်းအဝယ်ပြုလုပ်နေသော မတ်ပဲ၊ ပဲတီစိမ်း တို့ ၏ ဈေးနှုန်းဈေးကွက်အခြေအနေများ နှင့် အရည်အသွေးမြင့် အရောအနှောကင်းသည့် ကုန်စည်များကို အလေးချိန် အချင်အတွယ်မှန်ကန်စွာနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်တောင်သူနှင့် ကုန်သည်များပါ အကျိုးအမြတ်ရရှိစေမှာဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပါသည်။ ဟင်္သာတကုန်စည်ဒိုင် နာယက ဦးမြင့်သိန်းဦးမှလည်း ဒေသတွင်းရောင်းဝယ်မှု အခြေအနေများ၊ ကုန်စည်စီးဆင်းမှုအခြေအနေများနှင့် ပိုမိုကောင်းမွန်သောရောင်းဝယ်မှုများ ဖြစ်ပေါ်စေရေးအတွက် ဟင်္သာတကုန်စည်ဒိုင်အနေဖြင့်  ဌာနလမ်းညွှန်ချက်များကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားပါမည် အကြောင်းတို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ ကျန်တက်ရောက်လာသူများ ကလည်း သိလိုသည်များကို မေးမြန်းကြပြီး အသင်းသား(၅၀)ဦးတက်ရောက်ခဲ့ကာ နေ့လယ် (၁၂:၀၀) တွင် တွေ့ဆုံဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)