Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

       စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့၊မြို့ပေါ်ဆေးဆိုင်များသို့ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ကိုးသောင်းဈေးနှင့်မြို့သစ်ဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် ကြာနီကန်ရပ်ကွက်နှင့် တည်ကုန်းတောင်ပိုင်းရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ပန်းတောင်းဈေး၊ ဥသျှစ်ပင်ဈေး၊ နတ်မောက်ကျေးရွာ ကုန်စုံဆိုင်များ၊ ညောင်ညိုရိပ်လမ်းဆုံရှိ ကုန်စုံဆိုင်များနှင့်  ပန်းတောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)