![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅_6.jpg?itok=EM6mN7pG)
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဝန်ထမ်းများနှင့်တွေဆုံပွဲအား တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်/ကော့သောင်းခရိုင်မှဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဝန်ကြီး၏ လမ်းညွှန်မှုများကို ခံယူခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးမှ နှစ်သစ်အခါ၌ ဝန်ထမ်းများအား အားသစ်၊ မာန်သစ်၊ စွမ်းအား သစ်များဖြင့် အားအပြည့်၊ မာန်အပြည့်၊ စွမ်းအားအပြည့်ဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာ လုပ်ငန်းတာဝန် (၁၀) ချက်ကို လိုက်နာဆောင်ရွက်ရန်၊ ခေါင်းဆောင်ကောင်း/ နောက်လိုက် ကောင်းများအဖြစ် ဆောင်ရွက်ရန်၊ စည်းကမ်းများအား ပေါင်းထည့်၍ လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုဝန်ကြီး၊ အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှ ဝန်ထမ်းများအား နှစ်သစ်လမ်းညွှန်မှာကြားချက်များကို အသီးသီးပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား နေ့လယ် (၁၂း၀၀) အချိန် တွင်ပြီးမြောက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)