Main menu

သာယာဝတီခရိုင်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ခုနှစ် ဧပြီလအတွင်း အပတ်စဉ်တနင်္လာနေ့နှင့်  အင်္ဂါနေ့တိုင်း ဈေးကွက်အတွင်းသို့ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် ဈေးကွက်အတွင်း၌ ဘိလပ်မြေများ ပစ္စည်းပြတ်လတ်မှု ရှိ/ မရှိနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေတို့ကို ဘိလပ်မြေ ရောင်းချသည့် ဆိုင်ကြီးများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးနှင့် ဆေးပစ္စည်းဆိုင်များ ဖြစ်သော ရွှေညွန့်ဆေးဆိုင်၊ ဒီလှိုင်းစတိုး၊ ကျော်ကြီး စတိုးဆေးဆိုင်များတွင် ရောင်းချလျက်ရှိသောဆေးများ ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိ ၊ဆေးနှင့် ဆေးပစ္စည်း များ၏ မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)