Main menu

ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုသင်တန်းကျောင်းသို့ အသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု နှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်း နှင့်ဝန်ထမ်းသည် (၂၅.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း နီလာဆောင်၌ဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာ ပြုစုခြင်း သင်တန်းကျောင်းသို့ ဆရာ၊ ဆရာမ(၅)ဦး၊ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး၊ စုစုပေါင်း (၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်လုပ်ငန်း ဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center(1535)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)