ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၄-၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် မြို့မဈေး၊ ဆားမလောက်ဈေး၊ ရပ်ကွက်ဈေးနှင့် ဆီလက်ကားကုန်စုံဆိုင်( ၁၂)ဆိုင်အတွင်း ရောင်းချနေသော စားအုန်းဆီများတွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ၁/၂၀၂၁ ပါညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်အတွင်းရှိ စားအုန်းဆီ ရောင်းချနေသောဈေးဆိုင်လုပ်ငန်းရှင်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် ဖော်ပြရမည့်သတ်မှတ်ကုန် အညွှန်းအမှတ် အသားများ၊ ၂/၂၀၁၉ ပါ ကုန်စည်များတွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ၁/၂၀၂၁ ညွှန်ကြားချက်ပါ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင် ရမည့် အချက်အလက်များ၊ FDA ဌာန၏ခွင့်ပြုချက်၊ ထောက်ခံချက် ပါဝင်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်တို့အား အသိပေးရှင်း လင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)