Main menu

စားအုန်းဆီများ FDA ဌာန၏ ထောက်ခံချက် ပါဝင်မှု ရှိ/မရှိနှင့် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး တာဝန်ရှိသူ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၂၂.၄.၂၀၂၄) ရက်နေ့ (၁၀၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်(၁၀)ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။

            မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ပန်းတနော်မြို့ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်၍ စားအုန်းဆီ များ ရောင်းချနေခြင်းကို ပန်းတနော်မြို့မဈေးနှင့် မြို့ကွက်သစ်ဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အခြားသော လက်ကားဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားအုန်းဆီ အရောင်းဆိုင်များတွင် FDA ဌာနသက်ဆိုင်ရာ ထောက်ခံချက်မပါသော ဆီဗူးများ၊ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်မပါဝင်သော ကုန်စည်များ၊ ရောင်းချခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ပြီး၊ စားသုံသူပြည်သူများ အဆင်ပြေချောမွေ့စွာ ကုန်ဈေးနှုန်း တည်ငြိမ်စွာ ရောင်းချရန် အသိပညာပေးစစ်ဆေးခဲ့ ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)