Main menu

ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ၊ဆန်စက်လုပ်ငန်းရှင် အသင်းနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံခရိုင် ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည်  ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့၊နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်များအား လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်း၊ဈေးကွက် အခြေအနေ တည်ငြိမ်မှုရှိ/မရှိ၊ ဒေသတွင်း ဆန်သိုလှောင်ရုံများတွင် ဆန်ဖူလုံမှု ရှိ/မရှိနှင့် လည်ပတ်လျက်ရှိသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ စပါးခွံ အစားထိုးလောင်စာတောင့်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် အခြားဒေသများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေများအား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)