Main menu

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် ဥပဒေအရ အမှတ်တံဆိပ်များကို အကာအကွယ်ရယူခြင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှုများကို အရေးယူခြင်း

Powered by Drupal
Thu, 05/02/2024 - 15:15 -- consumer_admin

ကုန်အမှတ်တံဆိပ် ဆိုလျှင် ကိုယ်ပိုင် Brund တစ်ခုလို တန်ဖိုးမြင့်ကုန်စည်တစ်ခုအနေဖြင့် ရပ်တည်ပြီး ဈေးကွက် ဖြန့်ချိနေသည့် ကုန်စည်တစ်ခုလို လုပ်ငန်းရှင်များမှ တန်ဖိုးထားထုတ်လုပ်လာကြသည်။  မူပိုင်ခွင့်ဟုဆိုလျှင် ထုတ်လုပ် လိုက်သည့် ကုန်စည်ပစ္စည်း တန်ဖိုးထိုက်တန်မှုမှာ မူတည်သလို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြဌာန်းသတ်မှတ်ချက်များနှင့် အညီ စီးပွားရေးဆိုင်ရာ မူပိုင်ခွင့် အရည်အချင်းအတွက်အခြေခံသည်။  မူပိုင်ခွင့်ပိုင်ရှင်သည် ကိုယ်ပိုင်ဖန်တီးပြုလုပ်ထားသည် လက်ရာကို မိမိစိတ်တိုင်းကျ သုံးစွဲခွင့်ရသလို မိမိခွင့်ပြုချက်မရဘဲ အခြားသူများ၏ သုံးစွဲခြင်းကိုလည်း တားမြစ်ကာကွယ် ပိုင်ခွင့်ရရှိပါသည်။

     ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင် မှတ်ပုံတင်ခွင့် ကို ဥပဒေနှင့်အညီ တရားဝင်လက်ခံဆောင်ရွက်ပေးလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ကို (၂၀၁၉) ခုနှစ်တွင် ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေများအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို (၂၀၂၃) ခုနှစ် ဧပြီလ (၁)ရက်တွင် အာဏာတည်ပြီးဖြစ်သည်ဟု သိရသည်။ ဧပြီလ (၂၆)ရက်နေ့သည် “ကမ္ဘာ့မူပိုင်ခွင့်နေ့” ဖြစ်ကြောင်း ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် အထိမ်းမှတ်အခမ်းအားများ ကျင်းပလျှက်ရှိသည်ဟု သိရသည်။ ကုန်အမှတ်တံဆိပ်မှတ်ပုံ တင်ခြင်းကို ဥပဒေအရ ဆောင်ရွက်ပေးခြင်းနှင့် အမှတ်တံဆိပ်များအား အကူအညီပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် ပိုမို တိုးတက်နိုင်ကြောင်း ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း ကြောင့် ကုန်ပစ္စည်းတုများ ဈေးကွက်သို့ဝင်ရောက်မှုကို ဟန့်တားနိုင်သည်။ အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တား နိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို ၂၀၂၃ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှစ၍ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းဖြင့် ဖြစ်စေ လျှောက်ထားမှတ်ပုံတင်နိုင်ကြောင်း သိရသည်။

       အမှတ်တံဆိပ်ဟုဆိုရာတွင် ကုန်ပစ္စည်းတစ်ခု သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို အခြားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများမှ မတူကွဲပြားမှုကို သိရှိနိုင်ရန်အတွက် အသုံးပြုသော အမှတ်အသား တစ်ခုဖြစ်သည်။ အမှတ်တံဆိပ်တစ်ခုကို ဖန်တီးရာမှာ စာလုံးများ၊ ရုပ်ပုံများ သို့မဟုတ် ၎င်းနှစ်မျိုးကို ပေါင်းစပ်၍ ဖန်တီးလေ့ရှိကြပါတယ်- ကုန်အမှတ်တံဆိပ် (၃)မျိုးရှိသည်

       စာလုံးများသက်သက်ဖြင့်ဖန်တီးပြုလုပ်ထားသော အမှတ်တံဆိပ်တွေကို Word Mark လို့ ခေါ်ပါတယ်။

      ဥပမာအားဖြင့် -  စာ အမှတ်တံဆိပ် (Word Mark) SAMSUMG , SONY ကဲသို့သော အမှတ်တံဆိပ် များဖြစ်သည်။ရုပ်ပုံဖြင့်ဖန်တီးထားသော အမှတ်တံဆိပ်များကိုတော့ Figurative or Logo Mark လို့ ခေါ်ပါတယ်။         

       ဥပမာအားဖြင့် -  ပုံ အမှတ်တံဆိပ် (Figurative or Logo Mark )  ပန်းသီပုံ တံဆိပ်နှင့် ဂူချီ ကဲ့သို့ ပုံအမှတ်တံဆိပ်ကို ဆိုလိုသည်။  စာ နှင့် ပုံ နှစ်မျိုးစလုံးနဲ့ ပေါင်းစပ်ဖော်ပြထားတဲ့ အမှတ်တံဆိပ်တွေမှာ စကားလုံးများသာမက ပုံများ သို့မဟုတ် လိုဂိုများပါ ပေါင်းစပ်ပြီး အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒီအမှတ်တံဆိပ်တွေကို Combination of Word and  Fingure Mark လို့ ခေါ်ကြပါတယ်။

       ဥပမာအားဖြင့် -  စာနှင့်ပုံပါ အမှတ်တံဆိပ်(Combination of Word and  Fingure Mark) Red Bull အချိုရည် ကျွဲနှစ်ကောင်ပုံပါ တံဆိပ်၊ adidas ကဲသို့ရုပ်ပုံသင်္ကေတနှင့် စာတွဲလျက် တံဆိပ်ကို ဆိုလိုသည်။ပြဋ္ဌာန်းထားတဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု အမှတ်တံဆိပ်၊ စုပေါင်းပိုင် အမှတ်တံဆိပ်နှင့် အသိအမှတ်ပြုအမှတ်တံဆိပ်တို့ကို မှတ်ပုံတင်ခွင့် ရရှိမှာဖြစ်ပါတယ်။

     ကုန်အမှတ်တံဆိပ်ဆိုတာက ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုပ်ငန်း တစ်ခု ရဲ့  ကုန်ပစ္စည်း များကို အခြားသော လုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုခု ကိုဆိုလိုပါတယ်။ ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရဆိုလျှင် ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ပစ္စည်းများကို အခြားသော လုပ်ငန်းများ ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ်တစ်ခုကို ဆိုလိုကြောင်း သိရှိရသည်။

          ယနေ့ ကမ္ဘာကြီးတစ်ခုလုံတွင် အများစုသည် Copy Right အကြောင်း ပိုင်ဆိုင်မှုအခွင့်အရေး များဖြစ်သည်။ ပြည်သူ့ ကဏ္ဍအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဉာဏမူပိုင်ခွင့်ကို ကဏ္ဍလေးခုခွဲထားကြောင်း ၂၀၁၆ခုနှစ် ဇူလိုင်လ မစတင်မီ အကောင်အထည်ဖော်ရေးဆွဲခဲ့သည်။ ကဏ္ဍမူပိုင်ခွင့် ၄ခုရှိသည်။ ကဏ္ဍ ၄ခုမှာ ၁၊ ကူးယူပိုင်ခွင့် ဥပဒေ၊ ၂ မူပိုင်ခွင့်ဥပဒေ၊ ၃ စက်မှုဒီဇိုင်းဥပဒေ၊ ၄ အမှတ်တံဆိပ်ဥပဒေ ဖြစ်သည်။  ဉာဏ ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးကို တီထွင်သူ မည်သူမဆို အနုပညာလက်ရာများပါဝင်သည်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် ၎င်းတို့၏ အရည်အသွေးကို အခြေခံ၍ ဉာဏမူပိုင်ခွင့်များကို ပြဌာန်သော နိုင်ငံအသီးသီးတွင် ၎င်း၏စံနှုန်းများအတိုင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှုတွေရှိနိုင်သည်။  မူပိုင်ခွင့်သည် ဥပဒေတစ်ခုဖြစ်ပြီး ၎င်းသည် ဂီတ၊ စာအုပ် စာပေ၊ အချက်အလက်၊ ရုပ်ပုံများနှင့် အခြားခြားသော ကိုယ်ပိုင်ဖန်တီးရယူမှုများအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော ဒီဇိုင်း နှင့် အရည်အသွေး ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ငွေကိုလုပ်ယူပေးနိုင်ရန်လွယ်ကူစေသည်။  ပိုင်ရှင်မှ ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏ လက်ရာကို ကူးယူနိုင်သည် သို့မဟုတ် တုပပြုလုပ်နိုင်သည်။ လူတစ်ဦးသည် မူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိအောင် တုပပြုလုပ်လျင် ၎င်းပုဂ္ဂိုလ်အား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့ ဥပဒေဖြင့်ဆုံမနိုင်သည်။ အခြားအရေးကြီးသော ပြသနာများတွင် လူပုဂ္ဂိုလ်သည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည့် လက်ရာအား ကူးယူပြုလျှင် ဥပဒေအရ အရေးယူခံရနိုင်သည်။ မူပိုင်ခွင့်အမှတ်အသား လက်ရာတစ်ခုအား မူလ ဖန်တီးသူသည် အလိုအလျှောက် မူပိုင်ခွင့်ရှိ၍ ၎င်းပုဂ္ဂိုလ်မှ အခြားသူအား မူပိုင်ခွင့် တရားဝင်ပေးခြင်းမရှိ၍ ၎င်းသာလျှင် မူပိုင်ရှင်အဖြစ် လက်ခံကြသည်မှာ နိုင်ငံတော်တော်များများတွင်ဖြစ်သည်။ အမှတ်တံဆိပ် မှတ်ပုံတင် လျောက်ထားခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူဆောင်ရွက်ခြင်းဖြင့် စစ်ဆေးစီရင်ရန် သက်ဆိုင်ရာတရားရုံးများသို့ မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်နှင့် တရားမဆိုင်ရာ မူလမှုစီရင်ပိုင်ခွင့်အာဏာများနှင့် အယူခံမှု၊ ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွတ်တော်ချုပ်က ၂၄.၃.၂၀၂၃ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

(ကိုးကား       -         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်ကြားပို့ချသည် မူပိုင်ခွင့်အကြောင်း သိကောင်းစရာ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ရေးသားတင်ပြချက်မှ ကောက်နှုတ်တင်ပြပါသည်။

DOCA(ဧရာဝတီ)