Main menu

ဖျာပုံခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အစီအစဉ်ဖြင့်၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၅)ရက်နေ့လည်(၁၃:၀၀)နာရီတွင် ဖျာပုံခရိုင်(၄)မြို့ နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

          အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ကုန်သွယ်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဥပဒေပုဒ်မ(၄၁)(၄၃) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊   တားမြစ်ချက်များ၊ပြစ်မှုဖြစ်ဒဏ်များ၊တိုင်ကြားစာများ းလက်ခံဆောင်ရွက်ဖြေရှင်းခြင်းများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးက ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် ပတ်သက်သည့် အခွန်ကိစ္စရပ်များကို    ရှင်းလင်းဆွေးနွေးခြင်းဖြင့်   လည်းကောင်း၊   မြို့နယ်သစ်တောဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးက တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ သယ်ယူ ရွှေပြောင်း ခြင်း၊ လက်ဝယ် ထားရှိခြင်း ဆိုင်ရာဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်းဖြင့် လည်းကောင်း၊ အသီးသီးဟောပြော ဆွေးနွေးကြပါသည်။

          ထိုဟောပြော ဆွေးနွေးမှုအပေါ် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက နိဂုံးချုပ်စကားပြောကြားပါသည်။

          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၅၅)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)