Main menu

တောင်ဒဂုံမြို့နယ်ရှိ CLEAN အမှတ်တံဆိပ်လူသုံးကုန် ပစ္စည်းများထုတ်လုပ်သည့် GOLD POWER Co., Ltd မှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးသည် ၃၀.၄. ၂၀၂၄ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ CLEAN အမှတ်တံဆိပ်လူသုံးကုန်ပစ္စည်းများထုတ်လုပ် သည့် GOLD POWER Co.,Ltd မှ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်အား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၏အဓိပ္ပာယ်ဖွင့် ဆိုချက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင်စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်ကြမ်းရရှိမှုအခြေအနေ၊ တစ်နေ့ထုတ်လုပ်နိုင်မှုအခြေအနေ ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ အလုပ်သမားဦးရေနှင့်လုပ်အားခနှုန်းထား၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုအခြေအနေတို့ကိုပါ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)