Main menu

ပုသိမ်မြို့ ၊ မြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME လုပ်ငန်းများ ၊ ဒေသထွက်ကုန်များ ၊ စားသောက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အတွက် ဒေသတွင်း MSME လုပ်ငန်းများ ၊ ဒေသထွက်ကုန်များ ၊ စားသောက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

  ပုဂ္ဂလိက MSME လုပ်ငန်းများသည် နိုင်ငံစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမှာဖြစ်ပြီး မိမိတို့တိုင်းဒေသကြီး အတွင်းမြို့နယ်များတွင် ထုတ်လုပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်စားသောက်ကုန်၊ လူသုံးကုန်နှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ဈေးကွက်ကျယ်ပြန့်လာစေရန် နှင့် ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် ရည်ရွယ်လျက် အလုပ်သမား‌နေ့ အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကို ပြခန်းပေါင်း ၅၀ ကျော်ဖြင့် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)