Main menu

“ တွံတေးမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာဈေးအတွင်း စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်ကြီးများ ဈေးအတွင်း/အပြင် စားအုန်းဆီရောင်းချဖြန့်ဖြူးပေးလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူများအလွယ်တကူဝယ်ယူရရှိနိုင်ရန်နှင့် ရည်ညွှန်းဈေးအပေါ် သတ်မှတ်ထားသည့် အမြတ်(၂)ရာခိုင်နှုန်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မားမှုဖြင့် ထပ်ဆောင်းရောင်းချမှုများ ရှိ/မရှိ မေလ(၂)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က တွံတေးမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးပေးလျက်ရှိသော ကိုယ်စားလှယ်ဆိုင်ကြီးများနှင့် စားအုန်းဆီ ရောင်းချ နေသည့် ကုန်ခြောက်ဆိုင်များအား စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရည်ညွှန်းဈေးအပေါ် သတ်မှတ်ထားသည့်အမြတ်(၂)ရာခိုင်နှုန်း၊ မိမိဒေသအရောက် သယ်ယူပို့ဆောင်မှုစရိတ်တို့ဖြင့်  ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူး ရောင်းချနေမှုရှိ/မရှိနှင့် ဝိသမလောဘစောဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားခြင်းများမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်မှုများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)