Main menu

စားသုံးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံး၌ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးသည် ပခုက္ကူမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ပူးပေါင်းပြီး “စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ အသိပညာပေး” Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

     Talk Show တွင်စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူမြို့နယ်တာဝန်ခံဦးဇော်မင်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာနသမိုင်းအကျဉ်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေထုတ်ပြန်သည့်ရက်စွဲ၊ ပါဝင်သည့်အခန်း၊ ပုဒ်မများကို ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ြပခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အုပ်စုအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချပြီး အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ထုတ်ကုန်၏ ကုန်စည်ပေါ်တွင် ဖော်ပြရောင်းချရန်နှင့် ကုန်စည်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးမှုအပေါ် စားသုံးသူမှစိတ်ကျေနပ်မှုရရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်လုပ်ငန်း တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)