စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့်အတူ မအူပင်ခရိုင် ပန်းတနော်မြို့နယ်ရှိ Global Earth Argo & Aqua public Co.,Ltd သို့ (၇၊၅၊၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က သွားရောက်၍ ကုမ္ပဏီလုပ်ငန်းအခြေအနေနှင့် Gasifier တည်ဆောက်မှု စက်ရုံအခြေအနေများ၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။
တိုင်းဒေသကြီးဦးစီးမှူးနှင့် ကုမ္ပဏီဥက္ကဌမှ ဆွေးနွေးကြရာ Global Earth Argo & Aqua public Co.,Ltd ဥက္ကဌက ဆန်စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိသလို မွေးမြူရေးကဏ္ဍနှင့် ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Global Earth Argo & Aqua public Co.,Ltd စနစ်သစ် ငါးတန်မွေးမြူရေး စီမံကိန်းကို ဧက (၉၀၀)ကျော်အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စနစ်သစ် ငါးတန်မွေးမြူရေး လုပ်ငန်းစဉ်များအတိုင်း မျိုးဖောက်ကန် အရွယ်အစားအလိုက် ငါးမွေးကန်ရေဆိုးထုတ်ခြင်း၊ အောက်စီဂျင်လွှတ်ပေးခြင်း၊ အလိုအလျောက် အစာကျွေးစနစ်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက ပြည်ပကနှစ်သက် သောဈေးကွက်ဝင် ဈေးကောင်းရအရည်အသွေးကောင်းသော ငါးတန်များထုတ်လုပ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် ငါးတန်ဈေးကွက်ကို ရန်ကုန်သို့ နေ့စဉ် ပိဿာ(၇၀၀၀) မှ (၁၀၀၀၀) အထိ တင်ပို့ဈေးကွက်ရရှိနေပြီး၊ ငါးတန် တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ဈေးကွက်ရရှိနေကြောင်း ငါးမွေးမြူရေး တာဝန်ခံပြောပြချက်အရ သိရှိခဲ့ရပါသည်။ (၈၀)ကျပ်သား၊ (၉၀)ကျပ်သားရှိ ငါးတန်များကို ရန်ကုန်တွင် ငါးတန်ခြောက် ပြုလုပ်ရောင်းချလျက်ရှိနေကြောင်းနှင့် မွေးစမှ (၈)လအတွင်း ကန်ဖော်ရောင်းချနိုင်သည့် ဈေးကွက်ဝင်ငါးတန်များ ရရှိကြောင်း သိရသည်။
ပြည်ပဈးကွက်ရရှိနိုင်ရေးအတွက် အအေးခန်းစက်ရုံနှင့် အသားလွှာ စက်ရုံစီမံကိန်းများ လုပ်ကိုင်လျက်ရှိရုံမက၊ ငါးတန်မွေးမြူရေးငါးသားပေါက်မှစ၍ ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အပေါ် ငါးမွေးကန်စက်ရုံ၊ အလုပ်ရုံနှင့် လူနေအိမ်၊ ရုံးခန်းများ အတွက်ကိုယ်ပိုင် Gasifier မီးပေးနိုင်ရေး အစီအစဉ်များဆောင်ရွက်လျက်ရှိကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။
လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ရေဆိုးသန့်စင်နည်းစနစ်ကို အိန္ဒိယမှပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂယ်စီဖိုင်ယာမီးပေးနိုင်ရေး စီမံကိန်းပြီးဆုံးပါက နေ့စဉ် Global Earth Argo & Aqua public Co.,Ltd စနစ်သစ်မြစ်ငါးတန်မွေးမြူရေး လုပ်ငန်းခွင်တစ်စုလုံးကို အချိန်ပြည့်လျှပ်စစ်ပေးနိုင်ရုံသာမက ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့ဆောင်ရွက်သွားနိုင်မည့် အခြေအနေ ကောင်းများ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော Gasifier မီးပေးနိုင်ရေးစသည့် စီးပွားရေးအခြေခံကောင်းများ၊ လူမှုပတ်ဝန်းကျင်ကောင်းများကို လေ့လာတွေ့ရှိခဲ့ရပါသည်။ တိုင်းဒေသကြီးဦးစီးမှူးက Gasifier မှ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်ချက်ရှိသော စပါးခွံများတိုင်းအတွင်းရှိ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော စပါးခွံရရှိနိုင်ရေး ညှိနှိုင်းခြင်း၊ Gasifier သုံးစက်များအတွက် နည်းစနစ်တကျ ဆောင်ရွက်ခြင်းကြောင့် ကုန်ကျစရိတ်နည်းပါးပြီး အကျိုးများစွာရှိသည် စီးပွားရေးအခြေခံကောင်းများအကြောင်း၊ အခြားလိုအပ်သောအချက်များ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးကို ကုမ္ပဏီ ဥက္ကဌ ဦးဌေးမြင့်နှင့် တွေ့ဆုံညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)