ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဘိုကလေးမြို့နယ်တာဝန်ခံ တို့သည် (၃-၅-၂၀၁၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်ရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂၈)ဦးအား ဘိုကလေးမြို့နယ် တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက “ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ ဆိုင်းဘုတ်တင် ရောင်းချရေး၊ ဘောက်ချာဖွင့်လှစ်ရောင်းချရေး၊ဘူးဆီများနှင့် ပတ်သက်၍ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော ဘူးဆီမျာအား ဝယ်ယူဖောက်ကားကြရန် ဟောပြောဆွေးနွေးခဲ့ပြီး၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ဆက်လက် ဟောပြောဆွေးနွေးခဲ့ရာ ဆီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းတွင်သာ လုပ်ငန်းရှင်ဖြစ်သော်လည်း အခြားလိုအပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် စားသုံးသူတစ်ဦးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများ၊လုပ်ငန်းရှင်များ၏တာဝန်များအား ဟောပြောဆွေးနွေးခဲ့ပါကြောင်း” တက်ရောက်လာသူများမှ သိရှိလိုသည်များအား ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံတို့မှဖြေကြားခဲ့ပြီး နံနက် (၁၁:၃၀)နာရီတွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)