စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၉.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင် ကြီးများနှင့်ဆန်ဂိုဒေါင်များအားကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဆန်ဆိုင်(၁၃)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခနှင့် ဖန်သီးသည် ဒေသမှ ထွက်သော ဆန်များဖြစ်သည့်အတွက် ဒေသတွင်းရှိ ဆန်စက်မှ လိုသလောက်သာမှာယူရောင်းချခြင်း၊ ရွှေသွယ်နှင့်ဧရာဝတီပေါ်ဆန်း ဆန်များကိုမိမိတို့ဆိုင်များ၏ ဝယ်လိုအား၊ရောင်းလိုအားကို လိုက်၍ ပုသိမ်မြို့မှ မှာယူရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာလည်း သင့်တင့်မျှတသော အမြတ်ရာခိုင်နှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)