စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်နှင့် လမ်းမတော်(တ)ရပ်ကွက်ရှိဆန်ဆိုင်ကြီးများနှင့်ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဆန်ဆိုင်(၆)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခ တစ်အိတ်လျှင် (၈၀၀၀၀ ကျပ်)၊ ရွှေသွယ်တစ်အိတ်လျှင်(၁၁၂၀၀၀ ကျပ်)၊ ဖန်သီးတစ်အိတ်လျှင် (၉၅၀၀၀ ကျပ်)၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်လျှင်(၁၄၀၀၀၀ ကျပ်)ဖြင့်ရောင်းချပြီး ၊ ဇလွန်မြို့နယ်အပြင် ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်မှ စားဆန်များကို လိုသလောက်သာမှာယူရောင်းချပြီး သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)